နေပြည်တော် မတ် ၁၄
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ပညာရောင်ခြည် စာသင်တိုက်သို့ လည်းကောင်း၊ ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ တောင်တန်းသာသနာပြု ကျောင်း တိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ ဓမ္မာရုံအုဋ်ကျောင်းတိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ မြို့မစာသင်တိုက်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ကျောင်းသစ်ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ အရှေ့ခါးရိုး ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ ကြကြောင်းသိရသည်။
သတင်းစဉ်