ရန်ကုန် မတ် ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန (ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန)နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းပြီး သတင်းမှား၊ သတင်းမှန်ခွဲခြားနိုင်စေရေးဆွေးနွေးပွဲကို မတ် ၁၄ ရက်က နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုသင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)နှင့်အတူ အတွင်းရေးမှူး ဦးအောင် ပြည့်စုံ၊ ကောင်စီဝင်များဖြစ်ကြသော ဦးသက်နိုင်ဦးနှင့် ဒေါ်မြင့်မြင့်သိန်း (တက္ကသိုလ် မြမဉ္ဇူ)တို့က သတင်းမှား သတင်းမှန် ခွဲခြားသုံးသပ်နိုင်ရေး အပြင်၊ နိုင်ငံ့ဝန်ထမ်းတိုင်း လိုက်နာကျင့်သုံးရမည့်ဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များ၊ နိုင်ငံသားတိုင်း နိုင်ငံချစ်စိတ်မြှင့်တင်ရေး လိုအပ်ပုံများကို ဟောပြောဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ သင်တန်းသား သင်တန်းသူ ၁၆၀ ခန့် တက်ရောက်ပြီး ဆွေးနွေးမှုများအပြီးတွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးဝင်းထွန်းနိုင်က ကျေးဇူးတင်စကားပြောကြားကာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်