နေပြည်တော် မတ် ၁၃
အမရပူရမြို့နယ်တွင် ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် နံနက် ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းတွင် သန်းထိုက်(ခ)သံနိုင်(၂၆)နှစ် မောင်းနှင်သည့် ၂၂ ဘီးတွဲကားကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ပြောင်းဖူးအိတ်များဖြင့် ဖုံးအုပ်ထားသည့် ဒေသကာလတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉၃ ဘီလီယံ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်ကြသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၁၈ တန်နှင့် ကတ်တမင်း ၁၁၁ ကီလိုတို့ သိမ်းဆည်းရမိခဲ့သဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်