နေပြည်တော် မတ် ၁၂
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် နံနက် ၁၀ နာရီတွင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာတွင် အောင်နိုင်ဦး (ခ) အိသိန်းအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ကို လည်းကောင်း။
ယင်းနေ့ မွန်းတည့် ၁၂ နာရီ တွင် ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ် သာရမဲကျေးရွာ မြိတ် - တနင်္သာရီ သွားကားလမ်းတွင် မင်းထိုက်မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀ ကို လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် ပူးပေါင်းအဖွဲ့သည် မြိတ်မြို့ ကန်ကြီးရပ်ကွက် ကမ်းနားလမ်းတွင် ဇေယျာထက်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ် ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၄၀၀၀၀ ကို လည်းကောင်း။
စစ်ဆေးရှာဖွေ
မတ် ၁၁ ရက် နံနက် ၁၁ နာရီ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ရွှေပြည်သာမြို့နယ် အမှတ်(၂၄)ရပ်ကွက် အမှတ် ၄ လမ်းမကြီးတွင် ထွန်းသူရ (ခ) တူးတူး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၆၁၃၃ ပြားကို လည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ် ဘော်နင်းကျေးရွာအနီး အောင်ပန်း - ပင်လောင်းသွား ကားလမ်းတွင် ဝင်းအောင်(ခ)ကိုမောင် မောင်းနှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း။
သတင်းအရရှာဖွေ
မတ် ၁၀ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုင်းဆတ်မြို့နယ် မယ်အေးနွယ်ကျေးရွာ၏ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ မူးယစ်ဆေးဝါးများ ထုတ်လုပ်နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၄၀၀၀၀၊ စိတ်ကြွရူးသွပ်ဆေးအကြေမှုန့် ၅ ကီလို၊ အိုက်စ် ၄ ကီလို၊ ကဖင်း ကီလို ၁၀၀၊ စိတ်ကြွရူးသွပ်ဆေးပြား ရိုက်စက် ၃ လုံးနှင့် မူးယစ်ဆေး ဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား