Skip to main content

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ လူကုန်ကူးမှုဆိုင်ရာ၊ ဥပဒေရေးရာနှင့် သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေး

နေပြည်တော် မတ် ၁၁

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံး မြစ်ကြီးနားနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မြစ်ကြီးနား(၁၊ ) ရှိ ဝန်ထမ်း များ၊ ကျောင်းသား ကျောင်းသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ အသိပညာပေးမှု၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးမှုနှင့် ဥပဒေရေးရာ အသိပညာပေးမှု သတင်း အမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲများ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ အသိပညာပေး ဟောပြောမှုကို ကချင်ပြည်နယ် အမှတ်() မူးယစ်တပ်ဖွဲ့စု ဒုတိယရဲမှူး သန်းဝင်းက လည်းကောင်း၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောမှုကို ကချင်ပြည်နယ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ဒုတိယရဲမှူး လှိုင်စိုး က လည်းကောင်း၊ ဥပဒေရေးရာ အသိပညာပေးဟောပြောမှု ဆက်သွယ်ရေးဥပဒေနှင့် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို မြစ်ကြီးနားမြို့နယ် ဒုတိယဥပဒေ အရာရှိ ဦးအောင်ပွားထွန်း က လည်းကောင်း၊ သတင်းအမှား၊ အမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဟောပြောမှုကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထက် က လည်းကောင်း ဟောပြောသည်။

အသိပညာပေးဟောပြောပွဲများသို့ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကချင်ပြည်နယ် ဦးစီးမှူးရုံးနှင့် လူငယ်သင်တန်းကျောင်း မြစ်ကြီးနား-/ တို့ရှိ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်