Skip to main content

ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရေးသာမက စားသုံးဆီ အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဆောင်ရွက်မည်

နေပြည်တော်  မတ်   ၁၂

ဆီကုန်သည်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ ပဲနှမ်းကုန်သည်များနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရုံး အစည်းအဝေးခန်းမ၌   ကျင်းပသည်။

အစည်းအဝေးသို့  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ  တက်ရောက်ကြသည်။  

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဈေးကွက်စီးပွားရေးနှင့်အညီ မူဝါဒများ ချမှတ်ပေးခြင်းနှင့် တည်ဆဲဥပဒေများနှင့်အညီ ထိန်းကျောင်းကြပ်မတ်ပေးခြင်း၊ ကုန်သွယ်မှု သဘောတူညီချက်များရရှိရေး ဆောင်ရွက်ပေးခြင်း စသည့် ပုဂ္ဂလိကပိုင်း၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေကောင်းများ ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်လိုအပ်ချက်ကို မျှော်မှန်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်မှု ဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူလူထု၏ နေ့စဉ်စားသုံးမှု တွင် အရေးပါသည့် စားသုံးဆီအား ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေး သာမက စားသုံးဆီ အဓိကထုတ်လုပ်တင်ပို့ သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများက တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း။

မြန်မာနိုင်ငံတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်နှင့် ဆီမုန်ညင်း စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိနေသော်လည်း ပြည်တွင်း၏ ဆီစားသုံးမှုတွင် မြေပဲဆီနှင့် နှမ်းဆီ ()မျိုးကိုသာ အဓိကထုတ်လုပ်သုံးစွဲမှုရှိနေကြောင်း၊ ဆီစက်လုပ်ငန်းရှင်များ အနေဖြင့် ခေတ်မီ အဆင့်မြင့် ဆီစက်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဆိုပါက လက်ရှိ ဆီကြိတ် ထုတ်လုပ်မှု၏ ဆီကြိတ်ဖတ်များတွင် ကျန်ရှိနေသည့် ဆီ ၁၀ ရာခိုင်နှုန်း ပိုမိုထွက်ရှိလာမည်ဖြစ်သည့်အပြင် ဆီကြိတ်ဖတ်များကိုလည်း ကျန်းမာရေးနှင့် ညီညွတ်သည့် မွေးမြူရေး တိရစ္ဆာန်အစာ အဖြစ်အသုံးပြု နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဖွဲနု၊ ဝါစေ့နှင့် ပဲပုပ် ကဲ့သို့သော ဆီများထုတ်လုပ်နိုင်ခြင်းဖြင့် ဘက်စုံမှ အကျိုးရှိလာနိုင်မည်ဖြစ်ရာ လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ အလားတူ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် အချိန်တိုအတွင်း သိသာစွာ ဖြည့်ဆည်းပေးနိုင်ရန် တစ်ဧက၏ ဆီထုတ်လုပ်မှု အမြင့်ဆုံး သီးနှံဖြစ်သည့် စပ်မျိုးနေကြာ သီးနှံစိုက်ပျိုးခြင်းကို လာမည့် စိုက်ပျိုးရာသီမှ စတင်၍ တိုးချဲ့စိုက်ပျိုးရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ဆီစက်လုပ်ငန်းရှင်များအပိုင်းက နေကြာဆီ ထုတ်လုပ်နိုင်ရေးအတွက် မျိုးစေ့ ထုတ်လုပ်ရေး၊ အကျိုးတူကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ခေတ်မီဆီစက်လုပ်ငန်းများ ထူထောင်ရေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ မြန်မာနိုင်ငံ    ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း ဆိုင်ရာများ၊ နှစ်အလိုက် ဆီထုတ်လုပ်မှု ရောင်းချမှုနှင့် စားသုံးမှုအခြေအနေများ၊ တိုင်းဒေသကြီး ပြည်နယ်များအလိုက် နေကြာအထူးဇုံများ ထူထောင်ဆောင်ရွက်ရေး၊ သီးထပ်သီးညှပ် စိုက်ပျိုးရေးနှင့် နေကြာဆီထုတ်လုပ်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိလာသော နေကြာဆီကို ပြည်တွင်းဈေးကွက်၌ ရောနှောဆီအဖြစ်သာ ရောင်းချနေမှုများရှိနေပြီး၊ ပြည်ပမှတင်သွင်းလာသော နေကြာဆီများ ဈေးကွက်တွင် ကျယ်ပြန့်စွာ ဝင်ရောက်ရောင်းချနေသည်ကို တွေ့ရှိနေရကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်း စားသုံးမှု တွင် ကျန်းမာရေး နှင့်ညီညွတ်ပြီး ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရန် နေကြာဆီ ထုတ်လုပ်နိုင်ရေးအတွက် မိုးနေကြာနှင့် ဆောင်းနေကြာ စုစုပေါင်းစပ်မျိုးနေကြာစိုက်ဧရိယာ ဧက( ဒသမ )သန်း စိုက်ပျိုးရေးထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ အသင်းအဖွဲ့များဘက်က ပေါင်းစပ်ဆောင်ရွက် နိုင်မည့် အခြေအနေများကို ဖော်ထုတ်နိုင်ရန် ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြာင်း၊ မြန်မာနိုင်ငံတွင် မြေပဲစိုက်ဧက(၂၈)သိန်းကျော်၊ နှမ်းစိုက်ဧက (၃၇)သိန်းကျော်နှင့် နေကြာစိုက်ဧက ()သိန်းခန့် အပါအဝင် ဆီထွက်သီးနှံ စိုက်ပျိုးဧရိယာ ဧက (၇၆)သိန်း ကျော်ရှိကြောင်း၊ မြေပဲ တစ်ဧက၏ ဆီထွက်နှုန်းမှာ (၁၈၆)ကီလိုဂရမ်၊ နှမ်းတစ်ဧက၏ ဆီထွက်နှုန်းမှာ (၉၁)ကီလိုဂရမ်၊ စပ်မျိုးနေကြာ တစ်ဧက၏ ဆီထွက်နှုန်းမှာ (၂၈၈) ကီလိုဂရမ်ကျော်ထွက်ရှိနိုင်ကြောင်း၊ တိုးချဲ့စိုက်ပျိုးမည့် စပ်မျိုးနေကြာအတွက် လိုအပ်သော မျိုးရရှိရေး၊ နည်းပညာနှင့် လိုအပ်ချက်များပံ့ပိုးပေးနိုင်ရေးအပြင် အခြားသော သက်သာခွင့်များ ဖြည့်ဆည်းပေးနိုင်ရေးကို သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)