Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် မီးသတ်တပ်ဖွဲ့ဝင်များ၏စွမ်းရည်ပြပြိုင်ပွဲနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြမှု ကြည့်ရှုအားပေး

ရန်ကုန်  မတ် ၁၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ယနေ့နံက်()နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် လေကျင့်ရေးကွင်းအတွင်း မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး တစ်ကိုယ်ရည်စွမ်း ရည်ပြပြိုင်ပွဲနှင့် မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်သူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်းများ သရုပ်ပြသမှုတို့အား ကြည့်ရှုအားပေးသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ မီးသတ်ဦးစီးဌာနမှ ညွန်ကြားရေးမှုးချုပ် ဦးမြတ်သူနှင့် ဦးစီးအရာရှိများ၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှုးရုံးမှ ဦးစီးအရာရှိများနှင့် ခရိုင်မီးသတ်ဦးစီးမှုးများ၊ ခရိုင်လေးခရိုင်မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ကိုဗစ်-၁၉ သတ်မှတ် စည်းကမ်းနှင့်အညီ  တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် ပြသထားသည့် ရှေးဟောင်းယာဉ်များပြတိုက်တွင် ခေတ်အဆက်ဆက်အသုံးပြုခဲ့သော သက်တမ်း(၇၀)မှ (၁၁၆)နှစ်ရှိသည့် မီးသတ်ယာဉ်များကို လည်းကောင်း၊ ခေတ်မီ IT နည်းပညာ အထောက်အကူစနစ်ဖြင့် လျှင်မြန်စွာတုန့်ပြန်ဆောင်ရွက်နိုင်ရန် စီမံထားရှိသော 191 Report and Dispatch Order System, e-Watching Tower System, Vechical Tracking System, 3G Network Radio Systemနှင့် e-Office စသည့်စနစ်()မျိုးဖြင့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ကပ်ရောဂါဘေးနှင့် သဘာဝဘေးအန္တရာယ်များအား ကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိသည့် Command and Control Center   အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ် လေ့ကျင့်ရေးကွင်းအတွင်း မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်ပြပြိုင်ပွဲနှင့် မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်သူနာတင်ဝန်ဆောင်မှု လုပ်ငန်းများ Emergency Medical Services(EMS) စွမ်းရည်ပြပြိုင်ပွဲနှင့် သရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးသည်။

ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များကို မီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သီတာခန်းမတွင်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များအနေဖြင့် မိမိတို့မြို့နယ် နှင့်ရပ်ရွာများ၏ မီးဘေးလုံခြုံရေးလုပ်ငန်းများကို ခေတ်အဆက်ဆက်ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၆၃-ခုနှစ်၊ မီးသတ်တပ်ဖွဲ့ဥပဒေအရ မီးသတ်တပ်ဖွဲ့ကို အခြားသောတပ်ဖွဲ့များ နည်းတူ စည်းကမ်းသေဝပ်သော တပ်ဖွဲ့အသွင်ဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ စေတနာ့ဝန်ထမ်းမီးသတ် အဖွဲ့အစည်းအမျိုးမျိုးအား အရန်မီးသတ် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း၊ နိုင်ငံအတွင်းနှစ်စဉ် ကြုံတွေ့ရလေ့ ရှိသည့် မီးလောင်မှုများအပါအဝင် ရေကြီးရေလျံမှု၊ လေပြင်းတိုက်ခတ်မှု၊ မြေပြိုကျမှု စသည့်ဘေးအန္တရာယ် အမျိုးမျိုးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သန္ဓေတပ်ဖွဲ့ ဝင်များနှင့်လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်  သန္ဓေတပ်ဖွဲ့ဝင်များနည်းတူ နိုင်ငံတော်အဆင့် ဘွဲ့ထူးဂုဏ်ထူးဆောင်ဘွဲ့ တံဆိပ်များ ပေးအပ်ချီးမြှင့်ရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၈)ဦးအထိ ပေးအပ်ချီးမြင့်ခဲ့ပြီး လက်မောင်းဘက် တံဆိပ်များကိုလည်း ပြောင်းလဲတပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းသည်နှင့်အမျှ ပရဟိတစိတ်ဓာတ်များကိုအခြေခံသော လူမှုဝန်းကျင်ကိုရရှိစေ၍ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှုးရုံး (ဆူးလေ) အတွင်းထားရှိသည့် မီးသတ်ယာဉ်နှင့် စက်ပစ္စည်းကိရိယာများအား ကြည့်ရှုစစ်ဆေး၍ မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြမှုကို ဆက်လက်ကြည့်ရှုအားပေးကာ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

(သတင်းစဉ်)