Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ကိန်းဂဏန်းဆိုင်ရာ သုတေသနသင်တန်း ဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ မတ် ၁၀

ကိန်းဂဏန်းဆိုင်ရာ သုတေသနသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် မစ္စတာရှုကျင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်း‌ဇေယျာထွန်း၊ မြန်မာ နိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်နှင့် မန္တလာတက္ကသိုလ် တို့မှ ဆရာ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ၊  ဝန်ထမ်းများနှင့် ဖိတ်ကြားထား သူများက အွန်လိုင်းမှ တက်ရောက်ကြသည်။ 

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်း၌ စာရင်းအင်းဆိုင်ရာ အယူ အဆများ၊ ကိန်းဂဏန်းဆိုင်ရာ သုတေသနလုပ်ငန်းစဉ်များနှင့် သုတေသနဆိုင်ရာ အချက် အလက်များ ကောက်ယူနိုင်မည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချ ပေးခဲ့သည်ကို သိရှိရပါကြောင်း၊ စစ်တမ်းကောက်ယူခြင်းနှင့် သုတေသန စီမံကိန်းများ ဆောင်ရွက်ရာတွင် အဓိကကျသော အချက်များ၊ စိန်ခေါ်မှုများအား ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း လေ့လာသင်ယူခဲ့ကြပြီးဖြစ် ပါကြောင်း၊ ရရှိလာသောအတွေ့အကြုံများ သင်ယူလေ့လာခဲ့မှုများကို အသုံးချ၍ သုတေသနလုပ်ငန်း များကို ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်း ဆိုင်ရာ သုတေသနများ ဆောင်ရွက်ပြီး တွေ့ရှိချက်များ၊ သုံးသပ်ချက်များကို မျှဝေခြင်းဖြင့် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် အစိုးရ၊ ပုဂ္ဂလိက နှစ်ရပ် လုံးအတွက် လက်တွေ့ကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှု ကနဦး အစပင် ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် တိုင်းပြည်ဝင်ငွေ ရရှိရေးအတွက် အဓိကရင်းမြစ် တစ်ခုဖြစ်ပြီး နိုင်ငံ GDP တွက်ချက်ရာတွင် အရေးကြီးပါကြောင်း

ဝန်ကြီးဌာနတွင် ဆောင်ရွက်နေသည့် ခရီးသွား လုပ်ငန်းဆိုင်ရာ သုတေသနစင်တာသည် ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်ဆောင်ရွက်နေသူများ အတွက် ကိန်းဂဏန်းအချက် အလက်များနှင့် အတွေ့အကြုံများဖလှယ်ရန် အဓိကနည်းပညာဌာန တစ်ခု ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ခရီးသွား လုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းများကို စီးပွားရေးရှုထောင့်မှ ထိရောက်စွာ အသုံးချနိုင်ရေးအတွက် Tourism Satellite Account (TSA) ကို အကောင်အထည်ဖော် သွားမည်ဖြစ်ပါကြောင်း Tourism Satellite Account သည် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရင်းမြစ်များ စနစ်တကျ သုံးစွဲရေးတို့ အတွက် အဓိကကျသော ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒနှင့် စီးပွား ရေး သက်ရောက်မှုများကို သုံးသပ်ရာတွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားသည်

ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါက်တာဒေါ်ခင်မျိုးဝေက သင်တန်းအပေါ် သုံးသပ် တင်ပြပြီး သင်တန်းသားများကိုယ်စား သင်တန်းသားကိုယ်စားလှယ်တစ်ဦးက ကျေးဇူး တင်စကား ပြောကြားသည် ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းနည်းပြအား ဂုဏ်ပြုမှတ်တမ်း ပေးအပ်ပြီး၊ သင်တန်းသားများကိုယ်စား သင်တန်းသားကိုယ်စားလှယ် တစ်ဦးထံသို့ သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်

ကိန်းဂဏန်းဆိုင်ရာ သုတေသနသင်တန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ရက်အထိ ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်းသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် တက္ကသိုလ်နှင့် ကောလိပ်များမှ ဆရာ ဆရာမများ အပါအဝင် သင်တန်းသား သင်တန်းသူ (၅၀) တက်ရောက်ခဲ့ကြောင်း သိရသည်

 

သတင်းစဉ်