နေပြည်တော် မတ် ၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီး ဦးဇော်ဝင်းထွန်းက ကျောင်းသမိုင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအား အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာစံနှုန်းများနှင့် အညီလေ့ကျင့်သင်ကြားပို့ချမှု၊ ဖွဲ့စည်းပုံ၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးကလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးသည် ကောလိပ်အတွင်းရှိ Simulator Room များ၊ စာကြည့်တိုက်၊ သင်တန်းသား အိပ်ဆောင်များ၊ စာသင်ခန်းမများ၊ စားရိပ်သာနှင့် ရေယာဉ်မီးငြိမ်းသတ်မှု အဆောက်အဦ (Smoke House) တို့ကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်