Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် ရဲတပ်ဖွဲ့ဝင်များကိုတွေ့ဆုံ

မုံရွာ  မတ်  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကလေးမြို့ရှိ စုပေါင်းရုံးခန်းမ၌ ကလေးခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အမှာစကားပြောကြားသည်။

စားသောက်ဖွယ်ရာများ ထောက်ပံ့   

ဆက်လက်၍ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်း က နယ်မြေဒေသ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးက ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ခရိုင်အဆင့် ဌာနဆိုင်ရာများကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှစိုးတို့က လက်ခံရယူသည်။

ယင်းနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ကလေးမြို့ရှိနယ်မြေခံတပ်နယ်သို့ သွားရောက်၍ တပ်နယ်ခန်းမ၌  အရာရှိ၊ စစ်သည်၊ မိသား စုဝင်များကို  တွေ့ဆုံကာလိုအပ်သည်များကိုမှာကြားခဲ့ပြီး အားကစားပစ္စည်များနှင့် စားသောက် ဖွယ်ရာများကို ပေးအပ်သည်။

ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ() တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာ များနှင့်တွေ့ဆုံသည်။

ညှိနှိုင်းဆောင်ရွက်ပေး

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဒေသဖွံ့ ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးစီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ စိုက်ပျိုးရေးကဏ္ဍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မွေးမြူရေးကဏ္ဍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပန်းခင်းစီမံချက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် တိုင်းဒေသကြီးအတွင်းရှိ လမ်းမကြီးများအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တင်ပြချက် များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ဌာနဆိုင်ရာများကိုယ်စား တာဝန်ရှိသူများကို လက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့ပြီး ချင်းတွင်းရိပ်သာ() မုံရွာမြို့၊ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်