နေပြည်တော် မတ်၂
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ မဟာဇနကကျောင်းတိုက်သို့ လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ မဟာဂန္ဓာရုံ တိုက်သစ် ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ ကြို့ပင်ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ သိမ်တော်လှကျောင်းတိုက်သို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ ပုဗ္ဗာရုံကျောင်းတိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ကျောင်းသစ်ကျောင်း စာသင်တိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ သာသနာ့လင်္ကာရ စာသင်တိုက်သို့ လည်းကောင်း ဆရာတော် သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက် ကပ်လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်