Skip to main content

ဘားအံ၊ သာစည်နှင့် မောင်တောမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂

ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်၁ ရက် နံနက် ၁၀ နာရီခွဲတွင် ဘားအံမြို့ အမှတ်(၆) ရပ်ကွက်၊ စိန်စီမြလမ်းတွင် ဝင်းနိုင်ဦး(ခ) အရှည်ကြီး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၇ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၁၁ နာရီခွဲတွင် ဘားအံမြို့ အမှတ်(၄) ရပ်ကွက်၊ သုခမိန်လမ်း အိမ်အမှတ်(၄/၂၈၂) ရှိ သန်းဦး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၆၀၀ ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၃ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ဘုရားငါးဆူ(မြောက်) ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီး သွားကားလမ်းတွင် ထွန်းလှိုင်ဖြိုးကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၇၅၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် ဘုရားငါးဆူ(မြောက်) ကျေးရွာရှိ မခိုင်ရွှေစင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ကိုလည်းကောင်း။

မတ် ၁ ရက် ည ၇ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာအုပ်စု ဟာဘီ(အနောက်) ကျေးရွာရှိ အေရှာတ်ဟူဆောင်း၏ ကုန်စုံဆိုင်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၅၅ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်