နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူး အယူခံမှုအမှတ် ၃၂ / ၂၀၂၀ ( ရန်ကုန်)၊ ၃၃/၂၀၂၀ (မန္တလေး)၊ ၃၄/၂၀၂၀ (မန္တလေး) နှင့် ၄၀/၂၀၂၀ (မကွေး) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှု တို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမ အထူးအယူခံမှုအမှတ် ၁၉/၂၀၂၀ (ရှမ်း)၊ ၃၈/၂၀၂၀ (တနင်္သာရီ)၊ ၄၅/၂၀၂၀ (ကရင်)နှင့် ၄၆/၂၀၂၀ (တနင်္သာရီ)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)