နေပြည်တော် ဖေဖော်ဝါရီ ၂၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် နှင့် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် အင်းတိုင်းရင်းသားရေးရာဝန်ကြီး တို့သည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဖောင်တော်ဦး မြတ်စွာဘုရားနှင့်အလိုတော်ပေါက် ဘုရားတို့ကို ဖူးမြော်ကြည်ညိုကာ ဂေါပကအဖွဲ့ တာဝန်ရှိသူများ ထံဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်း ခဲ့သည်။
ဆက်လက်၍ သာလေးတောင်ကျောင်းတိုက်ရှိ ဒက္ခိဏသာခါ ရုပ်ပွားတော်အား ဖူးမြော် ကြည်ညိုကာ ကျောင်း တိုက် ဆရာတော် ဦးနန္ဒောဘာသ လင်္ကာရအား ဖူးမြော်ကြည်ညိုပြီး ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ညောင်ရွှေ မြို့ မြို့မရန်ကုန်ကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက် ဆရာတော်ဦးဗာကုလအား ဖူးမြော်ကြည်ညိုကာ သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနဘတ်ဂျက်မှ ဆန်ရိက္ခာ ဖိုး ထောက်ပံ့ငွေကျပ် ၁၂၂ ဒသမ ၂၂သိန်းတို့ကို ထောက်ပံ့ပေးအပ် ခဲ့ရာ အကျိုးခံစားခွင့်ရှိသူများ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်