ချမ်းမြသာစည် ဖေဖော်ဝါရီ ၂၁
ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၁၁၁×၁၁၂ လမ်းကြား၊ ၅၉ လမ်းရှိ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံးဝန်းအတွင်း ယနေ့ည ၇ နာရီ ၁၀ မိနစ်အချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။
မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ရုံး၏ တောင်ဘက် ကပ်လျက် ဓါတ်အားခွဲရုံနှင့် E PC လုံခြုံရေး အဖွဲ့များနေထိုင်သည့် အဆောက်အဦ၏ နောက်ကျောဘက် (၁၅)ပေ ခန့် အကွာရှိ မြက်ခင်းပြင်တွင် ပေါက် ကွဲခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်အင်ဂျင်နီယာ ရုံးဝန်း၏ တောင်ဘက်၊ အမက(၂၃) ကျောင်းထောင့်၊ ၅၈×၅၉လမ်းကြား၊ ၁၁၁(C)လမ်းဘက်မှ အမည်မသိ အမျိုးသား(၂)ဦးက ဆိုင်ကယ် (စိစစ်ဆဲ) ဖြင့် လာရောက် ပစ်ပေါက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုအား စစ်ဆေးရာ ဒေသန္တရလက်လုပ် မိုင်းကြောင့်ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူ/ပစ္စည်း ထိခိုက်ပျက်ဆီးဆုံးရှုံးမှု မရှိကြောင်း သတင်း ရရှိသည်။
မြို့နယ် (ပြန်/ဆက်)