စစ်ကိုင်း ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေး ရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလှိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးကျော်ထွန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လိုက်ပါလျှက် ဖေဖော်ဝါရီလ(၂၁)ရက်၊ နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ မဟာဇောတိကာရာမကျောင်းတိုက် ဆရာတော်ကြီးထံ လှူဘွယ်ပစ္စည်း၊ ဝတ္တုငွေ၊ ဆွမ်း ဆန်တော်နှင့်ဆီတို့အား ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အနေဖြင့် ယင်းမာပင်ခရိုင်၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်ပေးနေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး၊ ဒေသလုံခြုံတည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးအနက်ထားကာ ဆောင်ရွက်ပေးလျှက်ရှိမှု အခြေအနေ များနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို online မှ ခြိမ်းခြောက်မှု များရှိနေသော်လည်း ခြိမ်းခြောက်မှု ကိုဂရုမပြုဘဲ မိမိတာဝန်အပေါ် သစ္စာရှိစွာဖြင့် ကျေပွန်စွာဆောင်ရွက်နေသူများအား အသိအမှတ်ပြု ပြောဆိုကာ အခက်အခဲနှင့်လိုအပ်မှုများကို ပေါင်းစပ် ဖြည့်ဆည်းမှုများကိုရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများမှ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်/ကျေးရွာများတွင် ဆောင်ရွက်ပေးလျှက် ရှိသော ဒေသဖွံ့ဖြိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍အသီးသီး ရှင်းလင်း ပြောကြားပြီး ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယင်းမာပင်ခရိုင် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ငွေကျပ်- ၅ သိန်းနှင့် စားသောက်ဖွယ်ရာများ၊ ပုလဲမြို့နယ်၊ တောင်ပိုင်း ရပ်ကွက်၊ မီးဘေးသင့်အိမ်ထောင်စု (၉)ဦးအား ငွေကျပ် ၁၀၅၂၂၂၀၀ (တစ်ရာ့ငါးသိန်း နှစ်သောင်းနှစ် ထောင့်နှစ်ရာ)ကျပ်တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ထံသို့ပေးအပ်ခဲ့ပြီး၊ လူမူရေးရာဝန်ကြီး ဦးအေးလှိုင်က ယင်းမာပင်မြို့နယ်၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် ၅ သိန်း နှင့် စားသောက်ဖွယ်ရာများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းသွယ်ရေး ဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက ပုလဲမြို့နယ်၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ် ၅ သိန်းနှင့် စားသောက် ဖွယ်ရာများအား လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သားများအတွက် ငွေကျပ် ၅ သိန်းစီနှင့် စားသောက်ဖွယ်ရာများအား တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယင်းမာပင်မြို့၊ ပြည်သူဆေးရုံအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့် တစ်နာရီ လျှင် လီတာ(၄၀)ဆံ့၊ အောက်ဆီဂျင်အိုး (၈)လုံးထွက်ရှိသည့် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းနိုင်၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌတို့က အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုအခြေ အနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။