Skip to main content

ကြော်ငြာလုပ်ငန်းဆောင်ရွက်လိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လျှောက်ထားနိုင်

ရန်ကုန် ဖေဖော်ဝါရီ ၂၀

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်အား သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ဆောင်ရွက်ရာတွင် ကြော်ငြာဘုတ်များကို ၄၅'x၁၅' အရွယ်အစားသတ်မှတ်၍ စနစ်တကျ စိုက်ထူထားရှိပြီး ဖြစ်ပါသည်။

စိုက်ထူပြီး ကြော်ငြာဆိုင်းဘုတ်များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြန်လည် အငှားချထားမည် ဖြစ်ပါသဖြင့် ကြော်ငြာလုပ်ငန်း ဆောင်ရွက်ရန် လျှောက်ထားလိုသူများ အနေဖြင့် အသေးစိတ် အချက်အလက်များကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၆ ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန၊ စီမံဌာနခွဲ၊ ကြော်ငြာဌာနစိတ် ဖုန်း ၀၁-၂၅၁၄၃၀ သို့ ဆက်သွယ်စုံစမ်းကြည့်ရှု ရွေးချယ်လျှောက်ထား ဆောင်ရွက်နိုင်ကြောင်း သိရသည်။

သတင်းစဉ်