Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ကျရာကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်   ဖေဖော်ဝါရီ   ၁၅

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ကျရာကဏ္ဍမှပါဝင်ကူညီ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ကျရာကဏ္ဍအသီးသီးမှ စိတ်ရောကိုယ်ပါ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို အထူးပင်ဂုဏ်ပြုပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်အခမ်းအနားတွင်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကျရာကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် အားကစားကွင်းနှင့်အားကစားရုံဌာနခွဲမှ ညွှန်ကြား ရေးမှူးနှင့် ဝန်ထမ်း (၃၂၁)ဦးတို့ကို ဝန်ကြီးဌာနကိုယ်စား ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ အလားတူ ပြည်ထောင်စုနေ့ ချီတက်တပ်ခွဲတွင် ပါဝင်ခဲ့သည့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ကိုယ်စားပြုစစ်ရေး ပြတပ်ခွဲမှ ပါဝင်ချီတက်ခဲ့ကြသော ဝန်ထမ်း (၁၆၅)ဦးကိုလည်း ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ထို့ပြင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ယဉ်ကျေးမှုအဖွဲ့ဝင်များကို ဧည့်ခံကြိုဆိုကျွေးမွေးရေး ဆောင်ရွက်ခဲ့ကြသော အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၂)နှင့် အခြားဌာနခွဲများမှ ဝန်ထမ်း (၉၀)တို့ကို လည်း ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း ပြောကြားပြီး အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့သည့် ဝန်ထမ်းများကို ဂုဏ်ပြုသော အားဖြင့် ဆန် (၆၄) အိတ် (၁၈)ပြည်၊ ဆီ (၂၅၉) ပိဿာ၊ ကုလားပဲ (၁၅၅) ပိဿာ (၄၀) ကျပ်သား၊ စုစုပေါင်းကုန်ကျ ငွေ တန်ဖိုးငွေကျပ် (၅၁,၈ဝ,ဝဝဝိ/-)  အား ဝန်ထမ်း (၅၁၈)ဦးတို့ကို အချိုးကျထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 

(သတင်းစဉ်)