Skip to main content

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ပါဝင်ခဲ့ကြသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

နေပြည်တော်     ဖေဖော်ဝါရီ    ၁၅

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားတွင် ပါဝင်ခဲ့ကြသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁  နာရီတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ညွှန်ကြားချက်များ နှင့်အညီကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ထောင်စုအလံ ကြိုဆိုရေးအဖွဲ့နှင့် ဝန်းရံသူများ၊ ချီတက်ဂုဏ်ပြုခဲ့ကြသော အရာထမ်း၊ အမှုထမ်းများ၊ ပံ့ပိုးကူညီခဲ့ကြသော အုပ်ချုပ်မှုအဖွဲ့ နှင့် အထောက်အကူပြု အရံအဖွဲ့များအားလုံးကို ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း။

ပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် ဌာနအနေဖြင့် အောင်မြင်မှုရရှိခဲ့ပြီး အဆိုပါ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊  Team Work ဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့် “စုပေါင်းညီညာ အောင် ကြောင်းဖြာ ဆိုသည့်စကားနှင့်အညီ အောင်မြင်မှုရရှိခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများအားလုံး စည်းလုံးညီညွတ်မှ တိုင်းပြည်အေးချမ်းမည်၊ တိုင်းပြည်အေးချမ်းမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ခွင့်ရခြင်းသည် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ နောင်နှစ်များတွင်လည်း ယခုကဲ့သို့ အခွင့်အခါ ကြုံပါက အင်တိုက်အားတိုက် အားသွန်ခွန်စိုက်ဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အဓိကထား၍ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား တွင် ကဏ္ဍအသီးသီးမှ ပါဝင်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ရာ အရာထမ်း၊ အမှုထမ်းများကိုယ်စား ပြည်ထောင်စုဝန်ကြီးရုံး အမြဲတမ်း အတွင်းဝန် ဒေါက်တာအယ်လ်တူးမိန်းဂေါင်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုတို့က လက်ခံရယူခဲ့ကြသည်။

ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများကိုယ်စား ညွှန်ကြားရေးမှူး ဦးရဲမြတ်အောင်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား စစ်ရေးပြဂုဏ်ပြု ချီတက်ပွဲ တွင်ပါဝင်ခဲ့သော အမျိုးသားအရာထမ်း တစ်ဦးနှင့် အမျိုးသမီးအရာထမ်းတစ်ဦးတို့က လေ့ကျင့်ရေးကာလတစ်လျှောက် အတွေ့အကြုံများကို မျှဝေတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ကနိဂုံးချုပ်အမှာစကားပြောကြားကာ ဝန်ထမ်းများကို နေ့လယ်စာဖြင့် ဂုဏ်ပြုကျွေးမွေးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)