Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုဌာနချုပ်ရုံးဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော်   ဖေဖော်ဝါရီ  ၁၅

မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုဌာနချုပ်ရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရုံးအမှတ်(၄၅)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တက်ရောက်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုဌာနချုပ်ရုံးကို ပြည်ထောင်စုဝန်ကြီးက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမှာစကား ပြောကြားပြီး နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရဲမှုထမ်းဟောင်းများအဖွဲ့ ကိုယ်စားလှယ်များကို အဖွဲ့ဝင်အသိအမှတ်ပြု လွှာနှင့်အဖွဲ့ဝင်ကတ်များကို ပေးအပ်သည်။

ယင်းနောက် မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုဌာနချုပ်အတွက် အလှူငွေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ဒုတိယရဲချုပ်(၁)၊ ရဲဗိုလ်ချုပ် အောင်အောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စား ငွေကျပ်သိန်း ၅၀၀ နှင့် ရဲမှုထမ်းဟောင်း အလှူရှင်များက ငွေကျပ်သိန်း ၃၀ တို့ကို ပေးအပ်လှူဒါန်းသည်။

ဖွင့်ပွဲအခမ်းအနားသို့  ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁)နှင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ရဲမှုထမ်းဟောင်းများအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရ သည်။

(သတင်းစဉ်)