Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲ ပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ  ၁၁

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် မြို့နယ်အသီးသီးမှ ပြည်သူများက ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံအနီး၌ နိုင်ငံတော်အလံနှင့် တပ်မတော်အလံများ ကိုင်ဆောင်၍ “တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်တမျှအရေးကြီးကြောင်း စာသားပါ ဆိုင်းဘုတ်ကိုစိုက်ထူကာ “ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ ထောက်ခံပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဟောပြောခြင်းများဖြင့် အေးချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်