Skip to main content

တရားမဝင် ကျွန်းသစ်၊ ကျောက်စိမ်းအရိုင်းတုံး၊ စားသောက်ကုန်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်တွင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြင့် သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်း တရားမဝင်ကျွန်းသစ် ၁ ဒသမ ၈၂၃၄တန် ခန့်မှန်း တန်ဖိုးငွေကျပ် ၅၄၇၀၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၀ ရက်တွင် ရေပူအမြဲ တမ်းစစ်ဆေးရေးစခန်းမှ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျဌာနဆိုင်ရာအဖွဲ့များသည် ကင်းလှည့် စစ်ဆေးစဉ် တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသော လူသုံးကုန်ပစ္စည်း များ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၆၅၀၀၀ နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသော Toyotalsis လိုင်စင် မဲ့ မော်တော်ယာဉ် တစ်စီး ခန့်မှန်းတန်းဖိုးငွေကျပ် ၄၀၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၆၅၀၀၀ အား ဖမ်းဆီးရမိခဲ့ပြီးအကောက်ခွန်ဥပဒေ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်ဦးစီးဌာန နှင့် ပူးပေါင်းအဖွဲ့မှ ဝေါမြို့နှင့် ရွှေသံလွင် Toll Gate အကြား ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်တင်သွင်းလာသော စားသောက်ကုန်နှင့်  အချိုရည်မျိုးစုံ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၉၉၆၀၀ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပဲခူးတိုင်း ဒေသကြီး သစ်တောဦးစီးဌာနကဦးဆောင်၍ ပူးပေါင်း အဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင် သစ်တောကြိုး ဝိုင်းများအတွင်း တရားမဝင်သစ်မျိုးစုံ ၇ဒသမ ၆၀၉၆ တန် ခန့်မှန်းတန်ဖိုး ငွေကျပ်၁၁၉၆၃၄၀အားဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ဖေဖော်ဝါရီ ၁၁ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၊ အကောက်ခွန်ဦးစီးဌာနနှင့် တာဝန်ကျဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ရှောင်တခင်စစ်ဆေးရာ Honda Airwave Station Wagon အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀ နှင့် ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ အချိုရည်ဖာ ၁၀၀ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀ စုစုပေါင်း အမှုတွဲနှစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၃၀၀၀၀၀ ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်ကိုင်း တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့မှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ကင်းလှည့် စစ်ဆေးစဉ် တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသော အိန္ဒိယနိုင်ငံထုတ် ဂျုံမှုန့်အိတ် ၂၀၀ခန့်မှန်းတန်ဖိုးငွေကျပ်၂၄၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ ကျောက်စိမ်းအရိုင်းတုံး ၅၉၇ ဒသမ ၅၀ ဂရမ်ခန့်မှန်းတန်ဖိုး စိစစ်ဆဲကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၀၀၇၉၆၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်