Skip to main content

ဂုဏ်ပြုယာဉ်များ တပေါင်းကွင်း၌ ခင်းကျင်းပြသထားမည်

နေပြည်တော် ဖေဖော်ဝါရီ ၁၁

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များ ပါဝင်ပြသမည်ဖြစ်ပြီး အဆိုပါ ဂုဏ်ပြုယာဉ်များကို ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်လျက် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း ခင်းကျင်းပြသထားမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားရိုးရာ အစားအစာများ ပြုလုပ်ရောင်းချမည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

မိဘပြည်သူများအနေဖြင့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များကို လာရောက်လည်ပတ် လေ့လာကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်