Skip to main content

Sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မိနစ်ပိုင်းခန့် ပြတ်တောက်နိုင်

နေပြည်တော် ဖေဖော်ဝါရီ ၁၁

နေ၊ ဂြိုဟ်တုနှင့်TVRO (စလောင်း) တို့ တစ်တန်းတည်း ကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းသို့ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ  ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း၊ Sun outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ ရလေ့ရှိသည့် သဘာဝဖြစ်စဉ်  တစ်ခုဖြစ်ပြီး နှစ်စဉ်မတ်လတွင် တစ်ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတွင်  တစ်ကြိမ် ကြုံတွေ့ရလေ့ရှိကြောင်း၊ ၎င်းဖြစ်စဉ်သည် ထုတ်လွှင့်သည့် ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO (စလောင်း) အရွယ်အစားနှင့် တည်နေရာတို့အပေါ် မူတည်၍ Sun Outage ဖြစ်သောအချိန်နှင့် Singal ပြတ်တောက်မှု ကြာချိန်တို့  ကွာခြားမှုရှိကြောင်း၊ SunOutage ဖြစ်စဉ်ကြောင့် Thaicom-6 ဂြိုဟ်တုကို အသုံးပြု၍ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော TV Channel များနှင့် ရေဒီယိုအစီအစဉ်များ သည် ၅-၃-၂၀၂၂ ရက်နေ့မှ ၁၆၃-၂၀၂၂ ရက် နေ့အထိ နေ့စဉ် ၁ မိနစ်မှ ၁၈ မိနစ်ခန့်အထိ Signal ပြတ်တောက်မှု ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်