Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာနမှ စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း

နေပြည်တော်   ဖေဖော်ဝါရီ   ၉

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ် လှူဒါန်းလျက်ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့် အစားအစာများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်ကော့သောင်း ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ရုံးဝန်ထမ်းများ၊ ကော့သောင်း ခရိုင်သာသနာရေးဦးစီးမှူး ဦးနန္ဒစိုး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကော့သောင်းမြို့ မြသီတဂူ စာသင်တိုက်သို့ ဆွမ်းဆန် လေးအိတ်၊ ဆီ ၁၀ ပိဿာ၊ ကုလားပဲ ခုနစ်ပိဿာ စသည့် လှူဒါန်းဖွယ်ပစ္စည်းများကို ကျောင်းထိုင်ဆရာတော် ဦးကောဏ္ဍာညထံသို့ လှူဒါန်းသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေး ကျောင်းများ နှင့် ကိုဗစ်-၁၉ ကုသရေးစင်တာများ သို့လည်း ဆက်လက်ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်