နေပြည်တော် ဖေဖော်ဝါရီ ၉
ASEAN Young Cyber Influencer အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက Video Conference စနစ်ဖြင့် ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် သတင်းတု၊ သတင်းမှားများ၊ မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှု (Media and Information Literacy-MIL) အမုန်းစကား စသည့် Online Video Content များအား နိုင်ငံအလိုက် ဖန်တီးထုတ်လုပ်ပြီး ဖလှယ်ပြသခြင်း၊ နိုင်ငံပိုင်ရုပ်သံများ၊ Websites များ၊ Social Media များပေါ်တွင် ဖော်ပြခြင်းများအပြင် Power Point Presentation များ ပြုလုပ်ကြမည်ဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံက တာဝန်ယူကျင်းပခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက် အထိ Online ဖြင့် ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)