နေပြည်တော် ဖေဖော်ဝါရီ ၉
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်အမှတ် (၅၃)ကို ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်အမှတ်(၅၃)၏ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို သရုပ်ဆောင် စိုးသီဟနှင့် ဂျေနောတို့က တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၁၊ ၁၂၊ ၁၃ ရက်နေ့ များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD မှ ညနေ(၆)နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။