နေပြည်တော် ဖေဖော်ဝါရီ ၈
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၄) တွင် သတ္တမအကြိမ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးခင်မောင်ကြီးက အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံစွာဖြင့် လျှောက်ထားသူ အထက်တန်းရှေ့နေ (၁၅၅) ဦးကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် များ ပေးအပ်သည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ရရှိသူများက ကတိသစ္စာပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်