Skip to main content

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းထမနဲ ထိုးပြိုင်ပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၈

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) တွင် ယနေ့နံနက် ၉ နာရီက ဦးစီးဌာနများ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ အခမ်းအနားကျင်းပသည်။

ပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးတင်ထွတ်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး တာဝန်ရှိသူများနှင့် ဌာနအသီးသီးမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်အားပေးခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် အကဲဖြတ်ဒိုင်လူကြီးများက အမှတ်ပေးစည်းမျဉ်းများနှင့်အညီ စိစစ်အကဲဖြတ် အမှတ် ပေးခဲ့ကြပြီး ပထမဆုရ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းကို အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်ကလည်းကောင်း၊ ဒုတိယဆုရ ပြည်ထောင်စုဝန်ကြီးရုံးအသင်း ကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရကလည်းကောင်း၊ တတိယဆုရ သမဝါယမဦးစီးဌာနအသင်းကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်ကလည်းကောင်း၊ နှစ်သိမ့်ဆုရ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအသင်းကို ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဒွန်းကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

(သတင်းစဉ်)