Skip to main content

မြစ်မခမြစ် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

သာယာဝတီ   ဖေဖော်ဝါရီ   ၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက သာယာဝတီမြို့နယ် အလယ်ကုန်း-ဖိုးခေါင်-စံရွေးလမ်းပိုင်း၌ (၁)မိုင်(၅) ဖာလုံ၊ (၁၂)ပေအကျယ် ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အသရော်-အိပ်လဟာတာတာမိုင် (၂၃/၀+၂၀၀)ပေမှ(၂၃/၃+၄၂၀)ပေအတွင်း မြစ်မခမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကမ်းပြိုခြင်းကြောင့် နှစ်စဉ်လူနေအိမ်နှင့် လယ်ယာမြေများ ဆုံးရှုံးလျက်ရှိကြောင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ဘဏ္ဍာငွေလေလွင့်မှု အနည်းဆုံးနှင့် ထိရောက်အမှုအရှိဆုံးသော နည်းလမ်းများဖြင့် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာယာဝတီမြို့နယ် စံရွေးတိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ကျန်းမာရေး ဝန်ထမ်း ပြည့်စုံမှုရှိစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဇရပ်ကြီးကျေးရွာ မူလတန်းကျောင်းသို့ ရောက်ရှိပြီး အရိပ်ရသစ်ပင်စိုက်ပျိုးရန်၊ ရေစီးရေလာ ကောင်းမွန် စေရေး ဆောင်ရွက်သွားရန်နှင့် KG ကျောင်းဆောင် ဆောက်လုပ်ပေးနိုင်ရေးမှာကြားပြီး ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ ငွေကျပ် ငါးသိန်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်