Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံသော ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်

နေပြည်တော်   ဖေဖော်ဝါရီ   ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဗျက်ကလေးကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆိုလာအသေးစား ဓာတ်အားပေးစနစ်လုပ်ငန်းခွင်သို့ကြည့်ရှု စစ်ဆေးရာတာဝန်ရှိသူများက အဆိုပါဓာတ်အားပေး စနစ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

မှာကြား

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံသော ကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား ရရှိစေရေး စီမံကိန်းလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရေးတို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချင်းစုလယ်ကြားမြောင် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ ဗျက်ကလေးကျေးရွာ၌ တွင်းနက်စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးမှု အခြေအနေ များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရေပေးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေး ဆောင်ရွက်ရန်၊ လမ်းရေရှည် ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် ဒေသခံတောင်သူများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားရန် မှာကြားသည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိပြီး တတိယနှစ်(ဒုတိယနှစ်ဝက်) ဘာသာရပ် အလိုက် ပညာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပါမောက္ခချုပ်က သင်ကြားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် တက္ကသိုလ်ပြုပြင်ရေးနှင့် တည်ဆောက် ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အရည်အသွေးပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများ ပိုမိုမွေးထုတ်ပေး နိုင်ရေးကြိုးစားဆောင်ရွက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန် မှာကြားသည်။

သတင်းစဉ်