နေပြည်တော် ဖေဖော်ဝါရီ ၄
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင် အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက် လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။
နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက် အထူးပြုရေးသားသည့် “ငြိမ်းချမ်းသောပြည်ထောင်စုဆီ” မျက်နှာဖုံး ဆောင်းပါးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဖေဖော်ဝါရီလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ ကိုဇော်ဌေး(ယဉ်ကျေးမှု)၊ ထက်ဝေအောင်(စစ်ကိုင်း)တို့၏ “ငြိမ်းချမ်းသော ပြည်ထောင်စုဆီ” မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ (ပညာရေး)၊ ညီမော်သိမ်း၊ သိပ္ပံစာရေးဆရာ ကိုကိုအောင်၊ နေသူရိန်၊ တွဲဖက်ပါမောက္ခဦးလွင်မြင့်၊ မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)၊ မီးအိမ်ရှင် ဒေါက်တာနိုက်တင်ဂေးလ်၊ ကျော်ဝင်းဟိန်း (ပခုက္ကူ)တို့ ၏လူငယ်ရေးရာ ဆောင်းပါးများ၊ မောင်ပေါ်ထွန်း၊ အောင်မြတ်စည်သူ တို့၏ အတွေးအခေါ်နှင့်တက်ကျမ်းဆိုင်ရာ ဆောင်းပါးများ၊ အေးထွန်းမင်း၊ ပါမောက္ခကိုကိုအောင်တို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါးများ၊ စောနိုင် (အသုံးချဘောဂဗေဒ)၏ စီးပွားရေးဆိုင်ရာ ဆောင်းပါး၊ ဒေါက်တာမြင့်သန်း(သန္ဓေသား)၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ ကျန်းမာရေး)၊ စိုးစိုး (ပန်းတောင်း)တို့၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ရန်ကုန်ဌေးဇော်၊ မြသိန်းတို့၏ လူသားချင်းစာနာမှုဆိုင်ရာ ဆောင်းပါးများ၊ ဝင်းထွဋ်ဦး၏သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ ဦးဘသန်း(မဟာဝိဇ္ဇာ)၊ နိုင်သောင်းထွဋ်၊ ဆောင်းဝင်း လတ်၊ ကိုရင်ကျော်၊ မြတ်လေးမြင့်၊ မော်(သန်လျင်)တို့၏ ကဗျာ၊ ဟာသ၊ ဖြစ်ရပ်မှန်၊ ဝတ္ထုတိုနှင့် အထွေထွေ ကဏ္ဍများကို ရောင်စုံ၊ ဖြူ/ မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
အဆိုပါ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ၀၂- ၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့ အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်အရောင်းဆိုင်အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၈၂၄၉၀၃၁၊ ၀၁၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ကြောင်းသိရသည်။
သတင်းစဉ်