Skip to main content

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်    ဖေဖော်ဝါရီ   ၄

တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်နှင့်ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ ကျောက်ကြမ်းဘုန်းတော်ကြီး ကျောင်းတိုက်၊ နမ့်ဆန်မြို့ရှိ မြို့မဂိုဏ်းချုပ် ကျောင်းတိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ခိုလမ်မြို့ရှိ သီရိမင်္ဂလာ ကျောင်းတိုက်၊ ကရင်ပြည် နယ်၊ လှိုင်းဘွဲမြို့ရှိ ကျိုက်မုရောတောင် ဘုန်းတော်ကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ အောင်စည်တော် ဓမ္မသိုက်တပ်ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ချမ်းသာကြီးကျောင်းတိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စပ်စီဘုန်းတော်ကြီး ကျောင်းတိုက်၊ ဘူးသီးတောင်မြို့ရှိ ဇေယျသုခဘုန်းတော်ကြီးကျောင်း၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံးမဟာဗောဓိတပ်ဦးကျောင်း၊ မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ သီရိရတနာကျောင်းတိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတလည်မြို့၊ ဗြူးကုန်းကျေးရွာအုပ်စု၊ ကုန်းဇင်းကျေးရွာရှိ သဒ္ဓမ္မမဉ္ဇီဘုန်းတော်ကြီးကျောင်းတို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄) မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့ရှိ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်မှ သံဃာတော်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ ဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်