နေပြည်တော် ဖေဖော်ဝါရီ ၄
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ရတနာစံပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်ရှိ ကျိုက်ထိုဇောတိကာရုံပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ရတနာမာန်အောင်ကျောင်းတိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မြစေတီပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ အေးစေတီကျောင်းတိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ လယ်တီပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်