Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် လွိုင်ကော်အကျဉ်းထောင် ကြည့်ရှုစစ်ဆေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ အကျဉ်းထောင်ရှိ ဗဟိုကင်း စစ်ရေးပြအဖွဲ့၊ အကျဉ်းသားအိပ်ဆောင်၊ ရိက္ခာဂိုထောင်နှင့် စားဖိုဆောင်တို့ကို ကြည့်ရှု့စစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အကျဉ်းဦးစီးဌာန ဗဟိုကင်းသည် အကျဉ်းထောင်၏ လုံခြုံရေးတာဝန်ထမ်းဆောင်နေရသူများဖြစ်ပြီး တာဝန်ရှိသူများ၏ စစ်ဆေးချက်များကို အလေးထား လိုက်နာဆောင်ရွက် ရန်လိုကြောင်း၊ လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး အထူးဂရုစိုက် ရန်လိုအပ်ကြောင်း၊ စည်းကမ်းဖောက်ဖျက်မှုမရှိစေရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းသိမ်း ကြပ်မတ်ရန်လိုကြောင်း၊အရေးပေါ်အခြေအနေအတွက် ကြိုတင်ဇာတ် တိုက်လေ့ ကျင့်မှုများ ပြုလုပ်ထား ရန်လိုကြောင်း။

 အကျဉ်းသားများအား အကျဉ်းထောင် စည်းကမ်းများနှင့်အညီထားရှိပြီး ရသင့်ရထိုက်သည့် ကျွေးမွေးမှုများကို အရည်အသွေး မီကောင်းမွန်မှန်ကန်စွာ ကျွေးမွေးရန်လိုကြောင်း၊ ရိက္ခာဂိုထောင် အတွင်းရှိ ရိက္ခာများ သန့်ရှင်းသပ်ရပ်စွာ ထားရှိရန်၊ ဂိုထောင်အတွင်းပို့မည့်ရိက္ခာများကို စနစ်တကျ စစ်ဆေးရန်လိုကြောင်း၊ ရိက္ခာ(၃)လစာ ဝယ်ယူဖြည့်တင်း ထားရန်လိုကြောင်းနှင့် အကျဉ်းသားများကို ကိုဗစ်-၁၉ ကာကွယ်တားဆီးထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်နိုင် ရေး မှာကြားပြီး အကျဉ်းထောင် မိသားစုဝင်များနှင့်တွေ့ဆုံကာ ထောက်ပံ့ငွေကျပ် (၁၀)သိန်း ပေးအပ် သည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ကန္ဒရဝတီခန်းမ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ၍ ရဲတပ်ဖွဲ့သည် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်၍ အမိန့်ညွှန်ကြားချက်နှင့် စည်းကမ်းများ ကိုလိုက်နာရကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာတွင် ပိုမိုတာဝန်ရှိ ကြောင်း၊ ဝန်ထမ်းများသည် အမျိုးသားရေးအသိ စိတ်ဓာတ်ဖြင့် တာဝန်ကိုကျေပွန်စွာထမ်းဆောင် ကြရန်လိုကြောင်း၊ လုံခြုံရေးအမြင်ရှိရန်နှင့် သတိဝီရိယဖြင့် နေထိုင်သွား လာလုပ်ကိုင်ကြရန်လိုကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး အမြဲမပြတ်စစ် ဆေးကြပ်မတ်ရန် လိုကြောင်း။

ရုံး၊ ရဲစခန်းနှင့် ရဲကင်းများ ရန်သူတိုက်ခိုက်ခံရမှုမရှိစေရေးအတွက် ခံစစ်ပြင်ဆင်ဆောင် ရွက်ထားရန်လိုကြောင်း၊ မိသားစုဝင် ရဲမေများအနေဖြင့် မိမိကိုယ်ကိုကာကွယ်ခုခံနိုင်ရန် အခြေခံ စစ်ပညာတတ် ကျွမ်းပြီး လက်နက်ငယ်ပစ်ခ တ်တတ်ရန် လိုအပ်သည့်အတွက် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကာ သင်ကြားပေးထားသည့် အတတ်ပညာ နှင့်အညီ လက်တွေ့လိုက်နာ ဆောင်ရွက် နိုင်ရန်လိုကြောင်းနှင့် စဉ်ဆက်မပြတ်လေ့ ကျင့်မှုပြုလုပ်ရန်လိုကြောင်း။

ကိုဗစ်-၁၉ မျိုးဗီဇကွဲဖြစ်သည့်(အိုမီခရွန်)ဖြစ်ပွားနေမှုကို သိရှိကြရန်လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ် တားဆီးထိန်းချုပ် ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အလေး ထားလိုက်နာဆောင် ရွက်ကြရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက် များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် များအတွက် ငွေကျပ်သိန်း(၂၀) ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)