Skip to main content

ဆဌမအကြိမ် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်သည့် အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၃၁

ဆဌမအကြိမ် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၄) ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးကြည်သိန်းက အမှာစကားပြောကြားသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံစွာဖြင့် လျှောက်ထားသူ အထက်တန်းရှေ့နေ (၁၉၅) ဦးကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များပေးအပ်သည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ် ပြုလက်မှတ် ရရှိသူများက ကတိသစ္စာပြုကြသည်။

(သတင်းစဉ်)