Skip to main content

(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့တွင် ပါဝင်ဆင်နွှဲကြမည့် နိုင်ငံ့ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံ

နေပြည်တော် ဇန်နဝါရီ ၃၁

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့တွင် ပါဝင်ဆင်နွှဲကြမည့် နိုင်ငံ့ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose  ထိုးနှံရာတွင် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင်  အုပ်စု () နေရာခွဲ၍  ဆေးထိုးအဖွဲ့ (၁၀) ဖွဲ့ဖြင့် ထိုးနှံပေးလျက်ရှိသည်။  အသက် (၁၈) နှစ် ပြည့်ပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး () ကြိမ် ထိုးနှံထားပြီးနောက် () ပြည့်ပြီးသူများကို ထိုးနှံပေးခြင်း ဖြစ်သည်။

Booster Dose ထပ်ဆောင်း ကာကွယ်ဆေးကို လူ့ခန္တာကိုယ်တွင်ရှိသည့် ခုခံအား အနည်းငယ် ပြန်ကျလာသည့် အချိန်တွင် ခုခံအား ပြန်လည် တက်လာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ထိုးနှံ ပေးခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)