နေပြည်တော် ဇန်နဝါရီ ၃ဝ
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ သနပ်ပင်ဆိပ်(အရှေ့) ရွာဦးကျောင်းတိုက်သို့ လည်းကောင်း၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ပညာရောင်ခြည် ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ မဟာလယ်တီ ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ တောင်ငူကျောင်းတိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ မင်္ဂလာရာမ ကျောင်းတိုက်သို့လည်းကောင်း(အပေါ်ဝဲပုံ)၊ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ကွင်းကျောင်း ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း (အပေါ်ယာပုံ) ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်