နေပြည်တော် ဇန်နဝါရီ ၃၀
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်း နည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရ မည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ကရင်ပြည်နယ်၊ ဘားအံမြို့နယ် နေ သန့်ဇင်ကို(၂၀)နှစ်အသုံးပြုသည့် “Thant Sin Ko” Facebook အကောင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးမြို့နယ်နေ ထွန်းလင်းအသုံးပြုသည့် Facebook အကောင့်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်းရပ်ကွက်နေ နှင်းရီလင်းအသုံးပြုသည့် Facebook အကောင့်၊ ပုလောမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ခိုင်စိုးဝေ(၂၀)နှစ်အသုံးပြုသည့် Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်နေ မချောချောစုအသုံးပြုသည့် “Nanhla Dawei” Facebook အကောင့်၊ ချမ်းမြသာစည်မြို့နယ်နေ ဇော်မျိုးဦးအသုံးပြုသည့် “Sip Café Club” Facebook Page၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ စန်းစန်းဌေး (၃၂)နှစ် အသုံးပြုသည့် “San Lay” Facebook အကောင့်၊ ပုသိမ်ကြီးမြို့နယ်၊ ကန်သာယာရပ်ကွက်နေ လှဝင်းရှိန်(၅၄)နှစ်အသုံးပြုသည့် Facebook အကောင့်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၄)ရပ်ကွက်နေ မျိုးမင်းသန့်အသုံးပြု သည့် Facebook အကောင့်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်နေ အိသန္တာ(၃၃)နှစ်အသုံးပြုသည့် “Ei Thandar ET” Facebook အကောင့်၊ မင်္ဂလာဒုံမြို့နယ်မှ “MAY MYO” Facebook အကောင့်၊ ရွှေပြည်သာ မြို့နယ်နေ လပြည့်ဝင်းအသုံးပြုသည့် “Richard Michael wiliam” Facebook Page၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ချမ်းသာ(ခ)ညီငယ် (၃၀)နှစ်အသုံးပြုသည့် “စံ ကြက်ဥ၊ ဘဲဥရောင်း ဝယ်ရေးမိသားစု” Facebook Page၊ လှိုင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ ချောစု(၄၆)နှစ် အသုံးပြုသည့် “Chaw Chaw Lay" Facebook အကောင့်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ မင်းမင်းဦးအသုံးပြု သည့် Facebook အကောင့်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်နေ ခင်စိုးယု(ခ)စိုးယုအသုံးပြုသည့် “တာချီလိတ် နယူးအေဂျင်စီ” Facebook အကောင့်တို့ဖြင့် အသိပေးသတင်းထုတ်ပြန်ချက် အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်