နေပြည်တော် ဇန်နဝါရီ ၃ဝ
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ရာ ဇန်နဝါရီ ၂၉ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထား ခြင်းမရှိသော အထွေထွေလူသုံးကုန်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃၀၄၀၀၀၊ လျှပ်စစ်ပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၂၀၀၀၀၊ လယ်ယာသုံး စက်အပိုပစ္စည်း ငါးမျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၊ ဖုန်းဆက်စပ်ပစ္စည်းများ ခန့်မှန်း တန်ဖိုးငွေကျပ် ၇၅၂၅၀၀၀၊ အလှကုန်ပစ္စည်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၄၈၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၂၂၉၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
အလားတူ ကရင်ပြည်နယ် မြဝတီ (OSS) တာဝန်ကျအကောက်ခွန်အဖွဲ့မှ မြဝတီကုန်သွယ်ရေး ဇုန်အနီး ရှောင်တခင်ကင်းလှည့်စစ်ဆေးခဲ့ရာ မြဝတီကုန်သွယ်ရေးဇုန်အကျော် မြစန္ဒီရှောင်ကွင်း လမ်းမှ အာရှလမ်းဆုံသို့ထွက်လာသည့် ခြောက်ဘီးယာဉ် တစ်စီးပေါ်မှ တရားမဝင် အားဖြည့်အချိုရည် ဖာ ၂၀၀ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀ နှင့် အဆိုပါ ပစ္စည်းများ သယ်ဆောင်လာသော Mitsu bishi Canter ခြောက်ဘီးယာဉ် တစ်စီး ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန် အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော (၂) ဘီးယာဉ်ပေါ်မှ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာ သော လုပ်ငန်းသုံးပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁၂၈၆၀ နှင့် ဆိုင်ကယ်အပိုပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၈၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၀၃၆၆၀ ကို ဖမ်းဆီးရ မိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူပင် ဇန်နဝါရီ ၃၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်း စစ်ဆေးရေးအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူး၊ တောင်ငူနှင့် သာယာဝတီ ခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်မျိုးစုံ ၁၆ ဒသမ ၃၉၆၂ တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၂၅၅၉၂ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ အကောက်ခွန် ဦးစီးဌာနမှ ဦးဆောင်သော တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ တရားမဝင် Chain Saw (ဓားနှင့် အထိုင်မပါ) ၁၀ လက် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀ နှင့် ဓား (အရွယ်မျိုးစုံ) အလက် ၁၆၀ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၀၀၀၀၀ စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး (ဝဲပုံ) အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်တွင် သွင်းကုန် ကြေညာလွှာပါခွင့်ပြုပမာဏထက် ပိုမိုသယ်ဆောင်လာသော ဓာတ်မြေသြဇာ ၅၀ ကီလိုဂရမ်ပါ ၆၆၅ အိတ် ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၉၄၂၀ ကို ဖမ်းဆီးရမိခဲ့သဖြင့် အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၄၇၂၄၇၂ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှသိရသည်။
သတင်းစဉ်