Skip to main content

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ် အသုံးပြုမှု သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်

နေပြည်တော် ဇန်နဝါရီ ၂၉

ကုန်သည်လုပ်ငန်းရှင်များအတွက် Tradenet 2.0 စနစ်အသုံးပြုမှု သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့  နံနက်  ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင် မှတ်ပုံတင်ထုတ်ပေးမှု အပါအဝင် ဆက်စပ်ကတ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်ထုတ်ပေးမှုများကို Tradenet 2.0 အသုံးပြု၍ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် Tradenet 2.0 စနစ်အသုံးပြုရာတွင် လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍  ယခုသင်တန်းအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ Tradenet Brief၊ ပသကနှင့် ဆက်စပ်ကတ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပသကနှင့် ဆက်စပ် ကတ်များ လျှောက်ထားခွင့်ပြုမှု စနစ်အသုံးပြုမှု၊ ပို့ကုန်သွင်းကုန် လိုင်စင်ပါမစ်များ၏ မူဝါဒပိုင်းဆိုင်ရာများ၊ ပို့ကုန်သွင်းကုန် လိုင်စင်ပါမစ် လျှောက်ထား/ ခွင့်ပြုမှုစနစ်အသုံးပြုမှု၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးသွင်းမှု (e-Commerce Pay) ဘာသာရပ်များကို ကုန်သွယ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနခွဲအသီးသီးမှ သင်တန်းနည်းပြများ က သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ (၃၄၆)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂)ရက် ပို့ချသင်ကြားမည်ကြောင်း သိရသည်။

သတင်းစဉ်