Skip to main content

ပင်လုံမြို့၊ ဝမ့်အဲန်ဘုန်းကြီးကျောင်းသို့ ဆွမ်းဆန်၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ကြက်သွန်နီများ ထောက်ပံလှူဒါန်း

နေပြည်တော်   ဇန်နဝါရီ   ၂၉

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များတွင် ရဟန်းရှင်များ၊ သာမဏေများ၊ သီလရှင်များအတွက် ဆွမ်းအခက်အခဲ မရှိစေရန် ရည်ရွယ်၍ လှူဒါန်းထောက်ပံ့ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် လွိုင်လင်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးရန်အောင်ကျော်မျိုးနှင့် တာဝန်ရှိသူများသည် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ ဝမ့်အဲန်ဘုန်းကြီးကျောင်းသို့  ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ကြက်သွန်နီများကို ကျောင်းထိုင်ဆရာတော် အရှင်ရာဇိန္ဒထံ ဆပ်ကပ် လှူဒါန်းခဲ့သည်။

အလားအတူ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမားရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ အားဖြည့် အစားအစာများကို လွိုင်လင်ခရိုင်အတွင်းရှိ ကိုဗစ်-၁၉ စင်တာများသို့ ဆက်လက်လှူဒါန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်