Skip to main content

လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်သေဆုံးခဲ့ခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး

ရန်ကုန်  ဇန်နဝါရီ  ၂၇

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ မြို့နယ်လူမှုဖူလုံရေးရုံးခွဲ(၇)တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမား၏ လုပ်ငန်းခွင်မတော်တဆထိခိုက်သေဆုံးမှုအတွက် ဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး တိုင်းအစည်းအဝေးခန်းမ၌  ပြုလုပ်သည်။

ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဦးရဲဇော်ဝင်းက လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး၊ မြို့နယ်လူမှုဖူလုံ ရေးရုံးခွဲ (၇) တွင် အကျုံးဝင်မှတ်ပုံတင်ထားသော J&M Steel Solutions Co.ltd မှ အာမခံအလုပ်သမား ဦးသူရိန်သန့်ဇော်၏ ကျန်ရစ်သူ အကျိုးခံစားခွင့် စုစုပေါင်း ငွေလုံးငွေရင်းကျပ် ၆၇၅၀၀၀၀/- (ကျပ်ခြောက်ဆယ့်ခုနစ်သိန်းငါးသောင်းတိတိ/-) အားကွယ်လွန်သူ၏ မိခင်ဒေါ်သန်းသန်းမြထံသို့ ပေးအပ်ခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားများ၏ လုပ်ငန်းခွင်ထိခိုက်မှု၊ အမြဲတမ်း မသန်စွမ်းမှု၊သေဆုံးမှုအတွက် အကျိုးခံ စားခွင့်များကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

(သတင်းစဉ်)