နေပြည်တော် ဇန်နဝါရီ ၂၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း ၌အကောက်ခွန် ဦးစီးဌာနကဦးဆောင်သော တာဝန်ကျပူးပေါင်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၂၇၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
အလားတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံခရိုင် ပေါင်မြို့နယ် နတ်မော်ကျေးရွာအနီး၊ သံလွင် မြစ်အတွင်း ပိုင်ရှင်မဲ့လှေ သုံးစင်း ပေါ်မှ တရားမဝင် ပိတောက် သစ်ခွဲသား (၇၇ ဒသမ ၂၈၆) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၁၈၅၈၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး(အောက်ပုံ) သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဘားအံမြို့နယ် အကောက်ခွန်မှူး ဦးစီးသည့် အကောက်ခွန်စစ်ဆေး ရေးအဖွဲ့သည် ရှောင်တခင် လှည့်လည်စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ မြဝတီမြို့မှ မော်လမြိုင် မြို့သို့ သွားရောက်မည့် Toyota | Hiace ယာဉ်ပေါ်မှ စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၄၀၀၀၀)နှင့် အဆိုပါ ကုန်ပစ္စည်းများ သယ်ဆောင်လာ သည့် (Toyota Hiace) ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၈၄၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ရှမ်းပြည်နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း အနီးရှိ ရေပူရွာမရောက်မီ ရှောင်ကွင်းလမ်းများကို အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက စစ်ဆေးစဉ် လမ်းဘေးတစ်နေရာရှိ တဲဟောင်းတွင် စုပုံထားသော တရုတ်နိုင်ငံထုတ် ချောကလက် ကိတ် ဖာ ၂၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဦးဆောင်၍ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်၌ တရားမဝင် ကျောက်စိမ်းအရိုင်း တုံးများ (၃၃၃ ဒသမ ၅၁) ကီလို ဂရမ်ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးက ဦးဆောင်၍ ရွှေသံလွင် တိုးဂိတ်အနီး သတင်းအရ ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားမဝင် စားသောက် ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၉၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူပင် ဇန်နဝါရီ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့ များဖြင့် သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ ပဲခူးခရိုင်နှင့်တောင်ငူခရိုင် သစ်တောကြိုးဝိုင်း များအတွင်း တရားမဝင်သစ်မျိုးစုံ (၉ ဒသမ ၅၉၆၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၅၃၁၉၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၃၃၈၉၉၂)နှင့် ကျောက်စိမ်းအရိုင်းတုံးများ (၃၃၃ ဒသမ ၅၁) |ကီလိုဂရမ်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး၊ ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်