Skip to main content

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများကို အကြမ်းဖက် သမားများက ရိုက်ခွဲဖျက်ဆီးခြင်း၊ သင်ထောက်ကူပစ္စည်းများခိုးယူခြင်းနှင့် ခြိမ်းခြောက်စာ သားရေးသား ခြင်းများပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၆

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရန်အတွက် ပညာရည် မြင့်မားရေးမှာ အရေးအကြီးဆုံးဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေး ကဏ္ဍမြင့်မား တိုးတက်ရေးအတွက် အခြေခံလိုအပ် ချက်များဖြစ်သည့် စာသင်ကျောင်းများ တည်ဆောက်ပြုပြင်ပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းပေးခြင်း၊ အရည်အချင်း ပြည့်ဝသည့် ဆရာ၊ ဆရာမများမွေး ထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အနာဂတ်မျိုးဆက် သစ်လူငယ်များ ကျောင်းနေပျော်ရေးနှင့် ပညာသင်ကြားရေးတွင် စိတ်ဝင်စားမှုရှိစေ ရေးတို့အတွက်  နိုင်ငံတော်အစိုးရ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်း သူများက ညီညွတ်မျှတစွာ ထိန်းမတ်ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထိုသို့ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်အတွက် အရေးအကြီးဆုံးဖြစ် သော ပညာရည် မြင့်မားရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေမှုအပေါ် အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အကြမ်းဖက်သမားများသည် အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများအား ရက်စက်ယုတ်မာစွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများ ဆောင်ရွက် လျက်ရှိသည့်အပြင် ပညာရေးကဏ္ဍ အတွက် အဓိကကျသော အခြေခံအဆောက်အဦများ ဖြစ်သည့် စာသင်ကျောင်းများနှင့် ပညာရေးအဆောက်အဉီများအား ဖျက်ဆီးခြင်းများကို အသိတရားမဲ့စွာ လုပ်ဆောင် လျက်ရှိကြောင်း တွေ့ရှိရသည်။

ယင်းသို့ လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ဘစိုးလမ်းနှင့် ညောင်ဦးဖီးလမ်းထောင့်ရှိ အမှတ်(၄)အခြေခံပညာမူလတန်း ကျောင်းအတွင်းရှိ ကျောင်းအုပ် ကြီးရုံးခန်း ပြတင်းပေါက်များအား အကြမ်းဖက် သမားများက ရိုက်ခွဲဖျက်ဆီး၍ ရုံးခန်းအတွင်း သို့ဝင်ရောက်ကာ သင်ထောက်ကူ ပစ္စည်းများအား ခိုးယူခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အလားတူ မွန်းလွဲ ၁ နာရီခန့်တွင် အမှတ်(၄)ရပ်ကွက်၊ အနော်ရထာလမ်း၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းအုပ်ကြီးရုံးခန်း ပြတင်းပေါက် များအား အကြမ်းဖက်သမားများက ရိုက်ခွဲဖျက်ဆီး၍ ရုံးခန်းအတွင်းသို့ဝင်ရောက်ကာ ခြိမ်းခြောက်စာရေးသားပြီး စာရွက် စာတမ်းများနှင့် ကျောင်းသုံးပရိဘောဂပစ္စည်း များအား ဖြန့်ကြဲဖျက်ဆီးထားခဲ့ကြောင်း သိရှိရသည်။

အထက်ပါ စာသင်ကျောင်းများအတွင်းသို့ ဝင်ရောက်ဖျက်ဆီးခြင်း၊ ခိုးယူခြင်းနှင့် ခြိမ်းခြောက်စာရေးသားခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံး ဖမ်းဆီးရမိရေးနှင့် တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်