Skip to main content

“တူယှဉ် နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ အုပ်စု(င) ဒုတိယပွဲစဉ် မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ပြသမည်

နေပြည်တော် ဇန်နဝါရီ ၂၆

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲ အုပ်စု(င) ဒုတိယပွဲစဉ်ကို ဇန်နဝါရီ ၂၈ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်။

အဆိုပါပွဲစဉ်၌ တိုင်းရင်းသားပြိုင်ပွဲ ဝင်များဖြစ်ကြသည့် မွန်ပြည်နယ်မှ အေးသက်ထားဇော်၊ ဧရာဝတီတိုင်းဒေသကြီးမှ ဇင်သူသူထွန်း၊ မကွေးတိုင်းဒေသကြီးမှ ရန်လေး၊ နေပြည်တော်မှ ကျော်မျိုးထက်၊ ရခိုင်ပြည်နယ်မှ သန်းသန်းဆင့်၊ တနင်္သာရီတိုင်းဒေသကြီးမှ ရာဇာ၊ ရှမ်းပြည်နယ်မှ ဇင်နွယ်၊ ပဲခူးတိုင်းဒေသကြီးမှ ချစ်နုနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ စုလတ်ဖြူတို့က ယှဉ်ပြိုင်သီဆိုကြမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားခေတ်ပေါ်တေးဂီတအဖွဲ့မှ တီးခတ်ပေးမည်ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် ဇန်နဝါရီ ၃၀ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်သည်။

“တူယှဉ်နွှဲပျော် ဂီတပွဲတော်”သီချင်း ဆိုပြိုင်ပွဲတွင် နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမသုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့က အဖွဲ့ငါးဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်လည်းကောင်း၊ နောက်ဆုံးပွဲစဉ်သုံးပွဲကို ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီမီဒီယာစင်တာ တွင်လည်းကောင်း နိုဝင်ဘာ ၂၆ ရက် မှစပြီးအပတ်စဉ်သောကြာနေ့ညများတွင် တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်ပြသလျက်ရှိရာ ဖေဖော်ဝါရီ ၆ ရက် (တနင်္ဂနွေနေ့) ညအပါအဝင် ဖေဖော်ဝါရီ ၁၁ ရက် အထိအပတ်စဉ် သောကြာနေ့ညတိုင်း သီဆိုယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်