နေပြည်တော်၊ ဇန်နဝါရီ ၂၅
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အစိုးရစက်မှု လက်မှုသိပ္ပံ (တောင်ငူ)သို့ ရောက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)၊ နည်းပညာတက္ကသိုလ် (တောင်ငူ)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (တောင်ငူ)သို့ ရောက်ရှိရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးတို့က ကျောင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များမှ ဒေသအကျိုးပြု ဆောင်ရွက်နေမှုများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီသည် တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းများ၏ သင်ကြား သင်ယူမှု ဆောင်ရွက်နိုင်မှုအခြေအနေများ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
( သတင်းစဉ်)