၁။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် အောက်ဖော်ပြပါ ဘွဲ့ကြို သင်တန်းအသီးသီးကို (၃-၂-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်-
(က) တိရစ္ဆာန်ဆေးပညာ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)
(ခ) တိရစ္ဆာန်ဆေးပညာ တတိယနှစ် (ဒုတိယနှစ်ဝက်)
(ဂ) တိရစ္ဆာန်ဆေးပညာ ဒုတိယနှစ် (ဒုတိယနှစ်ဝက်)
(ဃ) မွေးမြူရေးပညာ ဒုတိယနှစ် (ဒုတိယနှစ်ဝက်)
၂။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးပါက ကာကွယ်ဆေးထိုးပြီးကြောင်း ကတ်ပြားနှင့်အတူ သင်တန်းရေးရာဌာနသို့ ကျောင်းအပ် ချိန်တွင် သတင်းပို့ရမည်ဖြစ်ပါသည်။ ကာကွယ်ဆေး မထိုးနှံရသေးပါကလည်း ကာကွယ်ဆေး ထိုးနှံရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် အမြန်ဆုံးပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၃။ အသေးစိတ် အချက်အလက်များအား သင်တန်းရေးရာဌာန ဖုန်း ၀၆၇-၃၄၁၆၆၅၉ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်