Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ လှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၂၂

ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်ကပ်လှူဒါန်း

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ သာသနာ့ပါလဓမ္မရိပ်သာ(မြိတ်) ကျောင်းတိုက်သို့ လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ သာသနာ့ဝန်ဆောင် မြို့ဦးကျောင်းတိုက်သို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ရွှေဂူကျောင်းတိုက်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မစိုးရိမ်စာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်ရှိ ဓမ္မစေတီကျောင်းတိုက်၊ လားရှိုးမြို့နယ်ရှိ မြို့လယ်ပရိယတ္တိစာသင်တိုက်နှင့် တောင်ကြီး မြို့နယ်ရှိ မြို့ဦးပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ ဦးစီးဌာနများမှ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်