Skip to main content

စက်ပစ္စည်းအဟောင်း(၂၁)မျိုးကိုရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြန်ကြားရေးဝန်ကြီးဌာန

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

စက်ပစ္စည်းအဟောင်း(၂၁)မျိုးကိုရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ နှစ်ကာလကြာမြင့်ပြီး ဟောင်းနွမ်းနေသည့် စက်ပစ္စည်း(၂၁)မျိုး၊ အရေအတွက် (၄၉၂)လုံးကို မျက်မြင်အခြေအနေအတိုင်း အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ပါသည်။

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို (၁၅-၁-၂၀၂၂) ရက်နေ့မှ (၁၆-၂-၂၀၂၂)ရက်နေ့အထိ ရုံးဖွင့်ချိန်(၀၉:၃၀)နာရီမှ (၁၆:၃၀)နာရီအတွင်း အောက်ပါလိပ်စာများတွင် တင်ဒါပုံစံများကိုတစ်စောင်လျှင် ငွေကျပ် (၂၀၀၀/-)နှုန်းဖြင့် ဝယ်ယူနိုင်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံများကို (၁၆-၂-၂၀၂၂)ရက်နေ့ (၀၉:၃၀)နာရီမှ (၁၆:၃၀)နာရီအတွင်း အောက်ဖော်ပြပါ လိပ်စာသို့ လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။ သတ်မှတ်ကာလထက်ကျော်လွန် သော တင်ဒါများကို ထည့်သွင်း စဉ်းစားမည်မဟုတ်ပါ။

၄။ အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ဖုန်း- ၀၆၇-၃၄၁၂၃၆၉၊ ၀၆၇၃၄၁၂၆၂၄၊ ၀၆၇-၃၄၁၂၂၀၉ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါပုံစံများထုတ်ယူရန်လိပ်စာ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

ပြန်ကြားရေးဝန်ကြီးဌာန

ရုံးအမှတ်(၇)၊ နေပြည်တော်

ဖုန်း- ၀၆၇-၃၄၁၂၃၆၉၊ ၀၆၇-၃၄၁၂၆၂၄၊ ၀၆၇-၃၄၁၂၂၀၉

တင်ဒါတင်သွင်းရန် လိပ်စာ

ပြည်တွင်း၊ ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ

ပြန်ကြားရေးဝန်ကြီးဌာန

ရုံးအမှတ်(၇)၊ နေပြည်တော်

ဖုန်း- ၀၆၇-၃၄၁၂၃၉၀